ငှက်၏ခြေရာ
အခုတစ်လော လေထဲမှာမာန်ဟုန်ပြင်းပြင်းနဲ့ ပျံသန်းခရီးနှင်နေတဲ့ ငှက်လေးတစ်ကောင်ကိုယ်စား ရင်မောနေမိပါရဲ့။ မျိုးနွယ်စုရဲ့တာဝန်ကြီးကို ပုခုံးသေးသေးလေးပေါ်မှာ အနစ်နာခံမှုများစွာနဲ့ ထမ်းပိုးထားရရှာသူ။ သူမရဲ့မျိုးနွယ်စုကြီးကကော သူမမျှော်လင့်ထားသလို ဖြစ်ပါ့မလား။ နောင်နှစ်ပေါင်းများစွာကြာလို့ သူမ မရှိတော့တဲ့အခါ သူမလုပ်ဆောင်ချက်တွေဟာ ငှက်၏ခြေရာလို လေမှာရှာမတွေ့တော့ရင်…..
ဟီး…ဟီး နဲနဲ ကဗျာဆန်ဆန်ပြောကြည့်ဒါ…..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်)နဲ့ ၈၈မျိုးဆက်များက ဦးဆောင်ပြုလုပ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ၀န်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။
Photo & News Credit to ဒီမိုဝေယံ
ဒီကိစ္စမှာ ငါမှားလား မင်းမှန်လား တွက်ကြည့်ရင် ပိတ်သတ်ကြီးကကော Wow ပြောတဲ့အတိုင်း သဘောတူတယ်မဟုတ်လား …. တူပါတယ်…. (ဟယ်….ပေါမိပြန်ဘီ)
NLD နဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရပါတီအချင်းချင်းဒီ့ထက်ပိုစည်းရုံးသင့်ပြီလို့ထင်ပါတယ်။ ကြားထဲက စတုထ္ထမဏိုင်ဆိုသူများကလဲ မြှောက်ထိုးပင့်ကော်မလုပ်ကြေး… လုပ်ခဲ့ရင် နင့်ကြီးဒေါ်ကြီးနဲ့ နာ့ဦးလေး လူပျိုကြီးတကျိတ်နဲ့ညား…. :P
ဒီကိစ္စမှာ ပြည်နယ်အစိုးရဘက်က လွန်တယ်လို့ပြောလို့မရပါဘူး။ ဒီလိုကိစ္စကြီးကို ပြည်နယ်ဝန်ကြီးမရှိခိုက် ခွင့်ပြုဖို့ရာမဖြစ်နိုင်ပါ။ ဘယ်နေရာမှာမဆို ဘုတ်-ကျီးရိုသေ ကျီး-ဘုတ်ရိုသေဆိုတာရှိပါတယ်။ အိမ်တစ်အိမ်ဝင်ရင် လူကြီးကို အရင်ဂါရ၀ပြုရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တောင် ဥရောပခရီးမှာ သမ္မတကြီး ဦးသိန်းစိန်ကို လေးစားဂါရ၀စကားပြောခဲ့ပါတယ်။ ဒါဟာ လူ့အဆင့်အတန်းကို ဖေါ်ပြတာပါပဲ။
လူတော်တိုင်းအလုပ်မဖြစ်ပါဘူး။ အခုနောက်ပိုင်း ဘစ်နက်တော်တော်များများမှာ အိုင်ကျုကောင်းတဲ့ လူတော်များထက် အီးကျုကောင်းတဲ့ ကိုယ့်ခံစားမှုကိုထိန်းသိမ်းပြီး အခက်အခဲကို အောင်မြင်ကျော်လွှားနိုင်သူ များကို ပိုမိုဦးစားပေးလေ့ရှိပါတယ်။ အကြီးကြီးလုပ်တော့မယ်ဆိုရင် အီးကျုမကောင်းလို့မရပါဘူး။
ကြံ့ခိုင်ရေးပါတီက ငါအာဏာရပါတီ ငါမှမင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖေါက်မယ်စိတ်ထားလို့မရသလို…..
NLD ကလဲ ငါပြည်သူ့ပါတီ ငါကဒီကားမှာမင်းသား မင်းတို့က အရံနေရာမှာအေးအေးသက်သာနေ ဆိုပြီးလုပ်လို့မရပါဘူး….
ဒီလိုပွဲမျိုးလုပ်ခြင်ရင် NLDနဲ့ ၈၈ ပါတီများဘက်မှ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို လေးလေးစားစား တင်ပြရပါမယ်။ တည်ဆဲဥပဒေများကို လေးစားလိုက်နာရပါမယ်။
ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကလဲ ပတ်မကြီးထိုးဖေါက်ခြင်တဲ့စိတ်ကလေးတွေရှိခဲ့ရင် ထိန်းသိမ်းပြီး ဥပဒေဘောင်အတွင်းက တဘက်ပါတီများကို ကူညီပေးရပါမယ်။
ပြည်နယ်ဝန်ကြီးအားအမှုးထားပြီး NLD နှင့် ၈၈ ပါတီများမှ ဦးဆောင်ကျင်းပသည်ဆိုရင် သားရွေအိုး ထမ်းလာတာ မဟုတ်ပါလား။
အခုသမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနဲကျားကန်ထိန်းသိမ်းနေရတဲ့ အခြေအနေဟာ… သူတို့သာမရှိတော့ရင်…..
ငှက်၏ခြေရာလို လေမှာရှာမတွေ့ပဲပျောက်ကွယ်သွားခဲ့ရင်…..
သူကြီးပြောသလို နှစ်တစ်ထောင်ကျိန်စာလို့များ……..





ခြေရာ ရှာတွေ့ အောင် ငှက်တွေကို ကြက်ပေါင်ဖိနပ်ဝယ်စီးစေပြီး လေပေါ်မပျံပဲ လကမ္ဘာလမ်းတွင် ဆင်းလျှောက်စေ..
ဂိန်..
ကျော်လဲ ဂျီးဒေါ်ပြောတဲ့ ဘုတ်-ကျီးရိုသေ ကျီး-ဘုတ်ရိုသေဆိုတဲ့အစိုကို ထောက်ခံပါတယ်..
Was this answer helpful?
LikeDislikeဒီပို့စ်ကိုဖတ်ရတာ တွတ်ပီစာအုပ်ဖတ်ရသလိုပဲ…
ငှက်တွေက ဝင်ပြောလိုက်…ကြောင်ကလေးတွေက ဝင်ပြောလိုက်…
နောက်ဘက်ကွယ်ပြီး သွးဖြဲလိုက်နဲ့….
ပို့စ်ကို support မလုပ်နိုင်တဲ့ စာသားတွေက များနေတယ်…
ကျွန်တော့်ဘက်က Serious ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ…
Was this answer helpful?
LikeDislikeအော်…..မြတ်ကျော်သူရယ် ဒေါ်ဂျီးက စိတ်မဆိုးတတ်ပါဘူး။
တစ်ခါတစ်လေ ဘာမှန်းမသိတာမကောင်းဘူးလား….
ရယ်စရာလေးတစ်ခုပြောပြမယ်နော်….
တစ်ခါတုံးကတဲ့ အမျိုးသားတစ်ယောက်က ပြောပြတယ်တဲ့…
“ကျွန်တော်က စည်းကမ်းသိပ်တိကျတာ။ မနက်လေးနာရီအတိထတယ် ပြီးတာနဲ့ ရေတစ်ဝသောက်ပြီး လေ့ကျင့်ခန်းလုပ်တယ်။ ပြီးရင် ကိုယ်လက်သန့်စင်ပြီးတာနဲ့ ၆ နာရီမှာ ဘရိတ်ဖတ် စားတယ်။ ၉ နာရီမှာ အလုပ်စလုပ်တာ နေ့လည် ၁၂ နာရီမှာနေ့လည်စာစားတယ်။ ညနေ ၅ နာရီမှာ အလုပ်သိမ်းပြီး ည ၆ နာရီမှာ ညစာစားတယ်။ ၁၀ နာရီအထိပဲ တီဗီကြည့်ပြီး အိမ်ယာဝင်တယ်။ ”
အဲလိုပြောတော့ နားထောင်နေတဲ့သူက “ကျွန်တော်မေးပါရစေ ခင်ဗျား ဘာမှုနဲ့ထောင်ကျတာလဲဟင်” တဲ့…..
ဒေါ်ဂျီးဘက်က Serious ဖြစ်သွားဒယ်ထင်လဲ ခွေးလွတ်နော်…..
Was this answer helpful?
LikeDislikeဦးလေးက အစိုကိုထောက်ခံတယ်ဆိုတော့… အခြောက်အုပ်စုကို ဘယ်လိုလုပ်မလဲ…
:P
Was this answer helpful?
LikeDislikeမြတ်ကျော်သူ အရူးကို လွတ်ပေးထားလိုက်ပါဗျာ။သတင်းထောက်ကြီးးးးသံတွဲသားမို့ 
ပြောမနာ၊ဆိုမနာတွေမို့ ပါ။
ရှမ်းစာပေနဲ့ ယဉ်းကျေးမှုက ဦးစိုင်းမျိုးတင့်ကတော့ ကျနော်နဲ့ အတော့်ကိုခင်ပါတယ်။
Was this answer helpful?
LikeDislike၀မ်းတွင်းရူးရယ်၊ အရူးရယ် ၊ မနေ့တစ်နေ့ကမှပြန်ကောင်းလာတဲ့ Wow ရယ် တွေ့ဂျဘီပေါ့နော်…
:P
Was this answer helpful?
LikeDislikeတိုးတက်ပါစေ အမိမြန်မာပြေ
ငြိမ်းချမ်းပါစေ အမိမြန်မာပြေ
အခြေခံလူတန်းစားတွေရဲ့ ဘဝတွေ အမြန်ဆုံး အဆင်ပြေလာကြပါစေ…။
Was this answer helpful?
LikeDislikeဒီစာကို ၉ ခေါက်ဖတ်ပြီး ၉စောင်ဝေပါ မဝေရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုပြီး ဝေလိုက်ရမလားဟင် ဦးပေ….
:D
Was this answer helpful?
LikeDislikeမဝေရင် ယောက်ျားဆိုပါက ပေါင်ပြတ် ပန်းသေပါစေ
မိန်းမ ဆိုပါက ဒန်တန်းတန် ဒန်တန်းတန် ပါစေ
ဟီဟိ
အဲဒီလို မပြောဘူးနော
Was this answer helpful?
LikeDislikeဒန်တန်းတန်နဲ့ ပေါင်ပြတ်ပန်းသေပေါင်းရင်တော့…. ဟီး
ဦးပေ မပြောတာကို မကြားခဲ့ဘူးလို့ သဘောထားလိုက်ပါ့မယ် :P
Was this answer helpful?
LikeDislikeငှက်၏ခြေရာ…တဲ့
ဖတ်ကြည့်သွားပါတယ်နော်…
ခြေရာကိုတော့ ရှာလိုက်ဦးမယ်…
ီ:D
Was this answer helpful?
LikeDislike