” လူသားရယ် ဘယ်လိုဖြစ်လာတယ် ” ကိုဘိုမင်းနှင့်တကွ ရွားသူ/ရွာသားများ သို့
စကြာင်္ဝဠာကြီးဟာ တနေ့ထက်တနေ့ ပြန့်ကားသွားနေတယ်လို့ နတ္ခက်ဗေဒသိပ္ပံပညာရှင်တွေ လေ့လာသိရှိထားကြပါတယ်။ ဆိုတော့ ကျနော်တို့ နေအဖွဲ့အစည်းမှာပါဝင်တဲ့ ဂြိုလ်တွေ လတွေဟာ ဟိုးအရင်နှစ်သန်းပေါင်း မြောက်များစွာက ယနေ့ လက်ရှိအကွာအဝေးထက် နီးကပ်ခဲ့ကြလိမ့်မယ် ဆိုတာ ရွာသူရွားသားတွေ ငြင်းချက် မထုတ်လောက်ပါဘူးနော်။
ချားလ်စ်ဒါဝင်ရဲ့ လူဆိုတာ မျောက်က ဆင်းသက်ကြောင်း အဆိုနဲ့ ကွဲလွဲပြီး အထက်က သိပံ္ပတွေ့ရှိချက်နဲ့လည်း ကိုက်တဲ့ ပုံပြင်လေး ခင်ဗျားတို့ကို ပြောပြချင်တယ်..
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ (အချိန်အတိအကျမှမသိတော့ လမ်းအိုကြီးအတိုင်းပဲ လျှောက်တာပေါ့။)
နေအဖွဲ့အစည်းအတွင်းက ကျနော်တို့နေနေတဲ့ ကမ္ဘာဖြစ်လာမယ့်ဂြိုလ်နဲ့ သူ့ဘေးက လ (ပညာရှင်တွေက လ ဆိုတာလည်း ကမ္ဘာက ပဲ့ထွက်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုပဲ.. ကမ္ဘာ့ရင်ဘတ်ထဲက ပျောက်သွားတဲ့ သူ့နံရိုးတစ်ချောင်းပဲဆိုပါတော့ဗျာ. အားပါး ဇာတ်လမ်းကတော့ လှသွားဘီဗျို့) တို့ဟာ အတော်ကြီးကို နီးနီးကပ်ကပ် ရှိခဲ့တာကလား။ ကျန်တဲ့ ဂြိုလ်တွေနဲ့ အချင်းချင်းနီးတယ်ဆိုသော်လည်း ဒီဇာတ်လမ်းမှာ မင်းသားဖြစ်တဲ့ ကမ္ဘာအတွက် လက်တကမ်းမှာက လ ဆိုသော သူ့ရဲ့ ပျောက်သွားတဲ့ နံရိုးကလေးပဲပေါ့။ တခါတရံ ဖြတ်သွားဖြတ်လာ ဥက္ကာပျံလို၊ နှစ်ပေါင်း အတော်ကြာမှ ပေါ်လာတတ်တဲ့ ဟေလီ၊ အင်ကီနဲ့ အာရင်းရိုလန်တို့လို ကြယ်တံခွန်တွေတော့ ရှိသပေါ့။ ဒါပေမယ့် သူတို့တွေနဲ့က လမ်းတွေ့ပြုံးပြ နှုတ်ဆက်ခွဲခွါ အဆင့်ထက်မပိုခဲ့ဘူးပေါ့ဗျာ။
ဒီလိုနဲ့ ကမ္ဘာနဲ့ လတို့ဟာ လောကသဘာဝအတိုင်း အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ ဆိုသလို ဂြိုလ်ချင်းထား ဂြိုလ်ချင်း အီစီကလီဖြစ်ကြပါလေရော။ အပြောကျယ်တဲ့ စင်္ကြာဝဠာကြီးဟာ သူတို့ အတွက် ချစ်ဗျူဟာခင်းတဲ့ ချစ်တလင်းပြင်ကြီးပေါ့ဗျာ။ ဗျူဟာမြောက်တဲ့ သူတို့အချစ်ပွဲကနေ အောင်မြင်မှုအဖြစ် လ ပျိုမဒီမှာ ပတ္တမြားရွှေကျုတ် နှုတ်ငုံတယ်ဆိုလားဗျာ။ အရပ်စကား သန္ဓေတည်၊ ကိုယ်ဝန်ရ၊ ဗိုက်ကြီးပြီပေါ့။ အချစ်ဦး၊ သန္ဓေဦးဆိုတော့ အရူးအမူး ပျော်မဆုံးဖြစ်နေကြတဲ့ ကမ္ဘာနဲ့ လကို တခြား နေအဖွဲ့အစည်းဝင်တွေတောင် အားကျကုန်သတဲ့။
ချစ်မ၀၊ ပျော်မဆုံး ဖြစ်နေတုန်းမှာပဲ သူတို့နှစ်ဦးဟာ နီးလျက်နဲ့ဝေး ဖို့ဖန်လာခဲ့ပါတယ်။ တနေ့တနေ့ နယ်ချဲ့ကြီးထွားနေတဲ့ သူတို့ရဲ့ ချစ်တလင်းမဟာ စင်္ကြဝဠာကြီးကြောင့် ပုဝါတကမ်း လက်တကမ်း ဖြစ်ကြရပါတော့မယ်။ နောက်ဆုံးတော့ လကလေးဟာ ရေ၊လေ၊ သဘာဝ သယံဇာတပိုများတဲ့ မောင်ကြီး ကမ္ဘာသာ သူတို့ရဲ့ ရင်သွေးကို ပိုမိုကောင်းမွန်ရှင်သန်အောင် စောင့်ရှောက်နိုင်မှာမို့ သူ့ဝမ်းကြာတိုက်က သန္ဓေသားကို မျက်ရည်စက်လက် ထုတ်ပေးခဲ့ရာမှာ အမတေ သန္ဓေဥ နှစ်လုံး ရပါသတဲ့ (လူမှာ အထီး၊ အမ နှစ်မျိုးရှိတော့ သန္ဓေဥလည်း အနည်းဆုံး နှစ်လုံးဖြစ်မှ ဇာတ်လမ်းက အဆင်ပြေမယ်.. တကယ်တမ်း နှစ်လုံးထက် ပိုချင်လည်းပိုမှာပေါ့နော်..ဤကား စကားချပ် ဟဲ ဟဲ)
မောင်ကမ္ဘာခမျာလည်း ချစ်ရတဲ့ လရဲ့ ကိုယ်ပွားမို့ ဂရုတစိုက် ပြုစုစောင့်ရှောက်ပြီး လာလိုက်တာ သန္ဓေဥနှစ်လုံးက လူသား အထီး၊ အမလေးတွေ ပေါက်ဖွားလာခဲ့ပါသတဲ့ဗျာ..။ အဲဒီ မူရင်း လအမတေ သန္ဓေဥက ပေါက်ဖွားခဲ့တဲ့ လူးသားအထီအမလေးတွေကနေ ယနေ့ မျက်မှောက် သန်း ခုနှစ်ထောင်သော လူဦးရေအထိ အခက်အခဲ အနိမ့်အမြင့် အမျိုးမျိုးကို ဖြတ်သန်းရောက်ရှိလာခဲ့တယ် ဆိုပါတော့ဗျားးး..
….
ကဲ ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျ။
ဒီ ပုံပြင်ရဲ့ အဆိုအရ လူဆိုတာ သမ္မာကျမ်းစာထဲက ပြောသလို ပန်းသီး (အသီးလို့ အတိအလင်းရေးထားပါတယ်၊ လွဲမှာစိုးလို့) စားမိလို့လဲ မဟုတ်၊ ဒါဝင် ပြောသလို မျောက်က ဆင်းသက်လာတာလည်း မဟုတ်ခဲ့ပါဘူးဗျာ။
လူဆိုတာ လရဲ့ အမတေသန္ဓေဥများက ဖြစ်လာတာပါ..။
အရပ်စကား ရှင်းရှင်းပြောရရင်.. လဥနှစ်လုံး မှ လူ ဖြစ်လာပါတယ်လို့ မှတ်ယူကြစေလိုပါကြောင်း..
:P ။




ဆိုင်းဆရာနယ်
စောစောစီးစီးနောက်တတ်ရန်ကော
ကြည့် ရတာ ကိုယ်တွေ့ စမ်းသပ်ချက်ထင်တယ်
အရမ်းကာရောလဲစမ်းကောင်းကောင်းနဲ့  စမ်းမနေနဲ့  ဦး
ကုန်ဈေးနှုံးက ကြီးမှကြီးဟေ့ 
Was this answer helpful?
LikeDislikeထက်ထက်တို့က ဗလိုင်းမကြွားဘူးလေ ..ဟခွိ
ဘောလုံးတသင်းစာ စီမံကိန်းဆွဲထားတယ်…
Was this answer helpful?
LikeDislikeလူဇိုးအတည်ပေါက်နောက်တယ်…..
တကယ်မှတ်လို့ဝင်ကြည့်တာ…..
ရွာစားကြီးကောဘယ်ဥကပေါက်သလဲဟင်…….ဟိဟိနောက်ထှာ……
Was this answer helpful?
LikeDislikeယုံတယ်ဗျို့ .. လက်ခံတယ်ဗျို့ .. ဘာသာတစ်ခု ထောင်အုံးမှ .. အဟီး ..
Was this answer helpful?
LikeDislikeဂလိုဆို …
အခြား လ တစ်လုံး .. အဲ ..
နံရိုး တစ်ချောင်းထက် ပိုရှိတယ်ဆိုတဲ့ ဂြိုလ်တွေမှာ
လူတွေက ဒို့ကမ္ဘာထက် အများကြီး ရှိနေမှာပေါ့နော် ..
ဒါနဲ့ ခီများဂျီး ပြောထားတဲ့
လူဒွေဟာ လဥနှစ်လုံးက ပေါက်တယ်ဆိုတဲ့ အဆိုကို
ကျုပ်က လုံးဝ ငြင်းပါတယ် ..
အဲ့ဒါဂျီးနဲ့ တိုဝန်ဆောင်ဒယ်လို့ ကြားဘူးပါဘူးကွယ် … :D
Was this answer helpful?
LikeDislikeမောင်ကမ္ဘာက မျက်နှာမများဘူးလေ..
ကံလည်းကောင်းတော့ သူပျောက်သွားတဲ့ နံရိုးလေးတစ်ချောင်းကို သူ့ဘေးမှာပဲ အရံသင့်တွေ့တယ် ထင်ပါ့…
အခြေအနေပေး၊ သစ္စာ မေတ္တာလည်းမှန် ဥတုသပ္ပါရလည်းမျှတော့ ခရီးပေါက်တာပေါ့..
ဥပမာ ကျနော့်လို သားနဲ့မယားချောလေးနဲ့ ခရီးပေါက်တယ်ဆိုပါတော့ဂျာ…
စေတန်တို့ ယူရေးနပ်စ်တို့က အရံလတွေများတော့ ဟိုဟာလေး ကြံနေတာလိုလို ဟိုတစ်လုံးပဲ ကြောင်ချင်တာလိုလို အီစီကလီတွေများပြီး အလုပ်ဖြစ်ခဲ့ပုံ မရဘူးဗျ..
ကိုယ့်နံရိုးပျောက်တာက တချောင်းတည်း မျက်နှာများတော့ မစွံတော့ဘူးဖြစ်ရောလေ
ဥပမာ
အူးလေး အံဂျာတုံးလိုပေါ့
ဒက်ဂလောက် ဒက်ဂလောက်
Was this answer helpful?
LikeDislikeအာဂျာ ..
ခီများဂျီးကလည်း
နှိုင်းစရာ ချားလို့ … :D :D
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ ပြင်ညာရှိရွာစားကျော်ရယ် ..
မှတ်သားသွားပါတယ်
Was this answer helpful?
LikeDislikeလဥ၂လုံးနဲ့ လူ
ဂျပုဂတုံးနဲ့ မတူ
အဖု၂ခုံးအတွက် စူ ။
Was this answer helpful?
LikeDislikeအူးပေ ရှက်ချရာဂျီးတွေ လာပြောနေတယ်ဗျာ
ကျနော် ပြောတာက ကြက်မက ဥတဲ့ဥကို ကြက်ဥ၊ လိပ်မကဥတဲ့ လိပ်ဥ၊ ငုံးမက ဥတဲ့ ငုံးဥ.. အဲလို အဲလို လ က ဥသွားတဲ့ ‘လ’ဥ လို့ ဆိုလိုတာနော်.. :D
အူးပေ ကဗျာအတိုင်း
ဂျပုဂတုံး တို့၊ အဖု၂ခုံးတို့နဲ့ ကာရံလိုက်အောင်ဆိုရင်.. ဟီး
ရှက်ချာကြီး…
Was this answer helpful?
LikeDislikeအခုအချိန်အပြင်မှာ အရမ်းပူလို့ 
အဲကွန်းခန်းထဲမှာ ဘောလုံးအသင်းအတွက်
ပလန်ခင်းနေပြီ ထင်ပါရဲ့ ..
ဟီဟိ
Was this answer helpful?
LikeDislikeကိုရွာစားကျော်ရေ
တခြား စိတ်ရှုပ်စရာတွေ များနေတဲ့ အချိန်မှာ ဖတ်ရတာ ကောင်းတဲ့ပို့စ်လေး တခုပါပဲဗျာ။ အအီပြေလေးပါပဲ။ သံပုရာဖျော်ရည် လေးတခွက်လိုပါပဲဗျာ။
Was this answer helpful?
LikeDislikeဗျို့ ကိုစံလှကြီး
များသောအားဖြင့် ကိုယ့်ဆရာက အတည်အခံ့ ပို့စ်တွေမှာပဲ ရှားရှားပါးပါး ၀င်မန့်တာကလား..
ကျနော်လည်း ခေါင်းထဲမှာ အတည်အခံ့ ရေးချင်တာတွေရော၊ ကိုရဲစည် ကာတွန်းအစီအစဉ် အတွက် စဉ်းစားမိတာတွေရော အများကြီး ပြည့်သိပ် မွန်းကြပ်နေတာ..ရေးလည်းမရေးဖြစ်ဘူး။
ပြီးခဲ့တဲ့ တပတ်လုံး ကီးဘုတ်လည်း ပျက်လို့ စာလည်း ကောင်းကောင်းရိုက်မဖြစ်။ စိတ်ကိုညစ်လို့
မန့်တာတောင် ကော်ပီပေ့စ်လုပ်နေရတာလေ
ဒီနေ့ ကီးဘုတ် အသစ် ၀ယ်လာပြီး ကိုဘိုမင်းေ၇းတဲ့ လူဘယ်ကလာ ပို့စ်ဖတ်ပြီး ရေးလိုက်တာဗျ
ခုလို ဝင်ရောက်ဖတ်ရှု ကွန်မင့်လေး ချီးမြှင့်တဲ့အတွက် ကျေးဇူးပါဗျာ
Was this answer helpful?
LikeDislikeကိုရွာစားကျော်ရေ
အမှန်တော့ ကျနော့်မူလ အစီအစဉ်က လေးလေးနက်နက် တပုဒ်ရေးပြီးရင် ရယ်စရာတပုဒ်ရေးဖို့ပါ။ အဆီအအိမ့်တွေက ကောင်းပေမယ့် စားပြီးရင် သံပုရာရည်လေး သောက်မှ အအီပြေတယ် မဟုတ်လား။ ပို့စ်တိုင်းကို သိပ်မမန့်ဖြစ်တာက ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ မသွားချင်တာတကြောင်း နောက်ပြီး ဆွေးနွေးလို့ အဆင်မပြေသေးဘူး ထင်ရင်လည်း ကွန်မန့်မပေးတတ်လို့ပါ။ နောက်တခုက ကျနော်နဲ့ သိပ်ဆွေးနွေးရင် အဲဒီလူရဲ့ ပို့စ်တွေ ကွန်မန့်တွေ အကြောင်းမဲ့နီတတ်ပါတယ်။ ဟိုတလောက မခိုင်ခိုင်တို့ ကိုအံစာတုံးတို့ ပို့စ်တွေ ကွန်မန့်တွေနီကုန်လို့ ဆောင်းပါးတောင် ရေးယူရတယ် ထင်ပါတယ်။ ကျနော်နဲ့ ရန်ဖြစ်ရင်တော့ စိမ်းတတ်ပါတယ်။ ဒါကြောင့်ပါ။ နောက်ပြီး အခုတလော စဉ်းစားနေတာက မရေးတော့ဘူးလို့ပါ။ ဒါပေမယ့် ကျနော်မရှိရင် ပျော်မယ့်လူတွေ ရှိတယ်လို့ စဉ်းစားမိတော့လည်း သူများဝမ်းသာတာကို မလိုတတ်တဲ့ ကျနော်ဗီဇအတိုင်း ဆက်ပြီးရေးဖြစ်မယ် ထင်တယ်။ ဆန္ဒတွေ မစောကြပါနဲ့ခင်ဗျာ။ ဝမ်းနည်းသွားကြပြီ ထင်ပါတယ်။
ကျနော်က ကိုကြောင်ကြီးရဲ့ ခန့်ခန့်လေးနဲ့ ရယ်ရတဲ့ပို့စ်တွေကို အလွန်ကြိုက်ကြောင်း ပြောဖူးပါတယ်။
Was this answer helpful?
LikeDislikeအနီပေးတဲ့ဟာတော့ စိတ်ထဲထားမနေပါနဲ့ဗျာ
ရွာထဲမှာ စိတ်ရင်းမှန်နဲ့ ငြင်းခုန်ခြင်း အနုပညာကို ပါဝင်ကပြနေကြသူတွေက ဆွေးနွေးဘက် တစ်ယောက်လျော့သွားမှာကို ၀မ်းမသာနိုင်ပါဘူး..
အတည်အခန့်တွေလည်း ဆက်ရေးပါ၊ အအီပြေ သံပရာရည်ပို့စ်လေးတွေလည်း ရေးပါလို့ နောာာ့..
Was this answer helpful?
LikeDislikeလူဆိုတာ လဥကဆင်းသက်လာတာဖြစ်ပါတယ် ဒီအဆိုကို ကျနော်လည်း တင်သွင်းပါတယ်
ထောက်ခံလိုသူများထွက်ခဲ့ပါ အဟီး
Was this answer helpful?
LikeDislikeသများပြောခဲ့သားဘဲ ……….
လူဆိုဒါ လဥကဆင်းသက်လာတာသာဖြစ်ကြောင်း…. ဆိုတာဂို
Was this answer helpful?
LikeDislikeလောလောဆယ်တော့ ‘လ’ဥက လူဖြစ်ကြောင်း အဆိုကို
ဦးအံဇာတုံးမှ ကန့်ကွက်မဲ တစ်မဲ
Passing By၊ ဘဲဥ၊ ဖိုးထောင် တို့က ထောက်ခံမဲ သုံးမဲ
ကန့်ကွက်/ထောက်ခံ ပြောဆိုမသွားတဲ့ ကိုဆာမိ၊ ရှမ်းပြည်သား၊ ဦးပေ နှင့် ကိုစံလှကြီးတို့ကို ကြားနေမဲ သတ်မှတ်ပြီး လေးမဲ နှင့်
observer အဖြစ် မိုးဇက်မှ ၀င်ရောက်လေ့လာ မှတ်သားသွားကြောင်း…သိရပါတယ်..
ရွာသူားများမှ ဆက်လက် ဗုတ်ကြအုံးမယ်ထင်ပါတယ်ခင်ဗျာ..
ဟီဟိ ခုလောလောဆယ်တော့ ၄ဂိုး ၁ဂိုး နဲ့ ဂိုးပြတ်သွင်းထားပြီ…
Was this answer helpful?
LikeDislikeတွေ့ရှိချက် အသစ်လို့ ထင်ပါတယ်။ ခုမှ ကြားဖူးလို့ပါ။
Was this answer helpful?
LikeDislikeဒါဆို observer စာရင်းထဲ တမဲ တိုးလိုက်မယ်နော် အန်တီပုခ်ျ ..ခစ်.ခစ် :P
Was this answer helpful?
LikeDislikeသများတို့ကျ
လမင်းသမီးနဲ့ ကိုကမ္ဘာတို့က ဆင်းသက်လာပေမဲ့
ပတ်ဝင်းကျင်မကောင်းတာရယ် (လွှဲချတာ)
အပေါင်းအသင်း မကောင်းတာရယ် (လွှဲချတာ)
ကိုယ်တိုင်က စိတ်ယိုင်သွားတယ်ရယ်ကြောင့်………
လဥ ၂လုံးမှ ဆင်းသက်လာသူ မှန်သော်လဲ ပုံစံပြောင်းလို့ အပယ်ခံရသူတွေ ဖြစ်နေပါဘီ
ဒါဂျောင့်မို့ သများတို့တွေကျ ဘယ်လို သတ်မှတ်ကြောင်း သိချင်ပါတယ်ရှဉ့် :D
အဖြေကို မျှော်လင့်နေသူ
ဖြတ်ဖောက်ချုပ်မလေးတစ်ဦး
Was this answer helpful?
LikeDislikeသူများတို့အတွက်ကတော့ ဘယ်သူမပြု သူများအမှုပဲအေ
ကိုယ့်ဥမှ ကိုယ်မခင်တော့ ဘယ်သူကြင်မှာလဲလို့…
သွား ထောက်ခံမဲထဲ ထည့်လိုက်ပီ.. ဟာပဲ ဟာပဲ.. :D
Was this answer helpful?
LikeDislikeဒါနဲ့ကြားဖူးနေကြက
အမိကမ္ဘာမြေကြီးဆို . . . .
မောင်ကမ္ဘာမြေကြီးလဲ ဘယ်လိုဖြစ်လို့
ဖုန်းကညာတစ်ပါး လုံးရာကပြားသွားရတာပါလိမ့်
ဒီလိုဆိုရင်တော့. . . .
ဖြတ်ဖောက်ချုပ်တို့ရဲ့ ဘူမိနက်သန်နေရာမှန်ဖြစ်တော့မှာဘဲ ။ :D
Was this answer helpful?
LikeDislikeအမိကမ္ဘာမြေလို့ခေါ်တာ.. ကမ္ဘာလုံးကြောင်း ဆိုခဲ့တဲ့ ကိုပါနီးကပ်စ်တို့ ခေတ်မတိုင်မီက အပြားလို့ ယူဆခဲ့ကြတော့ အမိကမ္ဘာမြေကြီးဖြစ်ခဲ့တာနေမှာ…
အဲဒါကို အစွဲမကျွတ်နိုင်တဲ့ ဗျူရိုကရက်တွေက ခုထိ အမိခေါ်တုန်း
ပြောင်းဂျဘာတော့ အတွေး၊ အခေါ်၊ အယူအဆတွေ.. (ဆိုင်ဆိုင်မဆိုင်ဆိုင် ဆွဲထည့် လိုက်ပီ)
Was this answer helpful?
LikeDislikeအားပေးသွားပါတယ် ကိုရွာစားကျော်ရေ့…။
လက ဥတဲ့ ဥ ၂ လုံး မှ လူဖြစ်တယ်ဆိုတာလေး
မှတ်သားသွားပါတယ်ဗျာ..။
Was this answer helpful?
LikeDislike